ရေး နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား စာပေထူးချွန်မှု၊ ဘက်စုံဖွံ့ဖြိုးတိုးတတ်မူနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလွန်(၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများမှ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်သူ (၆၈)ဦးနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲဝင်သူ(၇၁)ဦး စုစုပေါင်း(၁၃၉)ဦးအား ရေးဖြေ၊ နှုတ်ဖြေ(၂)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲမှ ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများသည် ပြည်နယ်အဆင့်ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)