ရေး ၂ မေ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံဂျူဒိုနှင့် ဝူရှူးအားကစားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ အားကစားရုံ၊ မိုးလုံလေလုံ ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါအားကစားနည်းသင်တန်းကို မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် နည်းပြဆရာဦးနိုင်နိုင်အောင်၊ မြို့နယ် အားကစားမှူး ဒေါ်သဉ္ဇာစိုးနှင့် အားကစားနည်းစနစ်မှူး ဒေါ်သူဇာအေးတို့က သင်တန်းသား / သင်တန်းသူများကို အခြေခံကစားနည်း၊ နည်းစနစ်များဖြင့် စတင်သင်ကြားပြသပေးခဲ့သည်။
သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၂၀ တက်ရောက်ကြပြီး မေလ(၂) ရက်နေ့မှ (၂၉) ရက်အထိ ဖွင့်လှစ်ကာ နံနက် ၇ နာရီမှ ၉ နာရီခွဲအထိတစ်ကြိမ်၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ တစ်ကြိမ်ဖြင့် သင်တန်းနှစ်ချိန် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ သိရသည်။
MDN