ရေး      ၉  ဒီဇင်ဘာ

           

ရာမညမွန်ရှေ့နေများ ကွန်ရက်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၈ ရက်နေ့က ရေးမြို့ မွန်ဓမ္မာရုံ ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံမိတ်ဆက်ရှင်းလင်းခြင်းနှင့် ဥပဒေရေးရာ ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

 

05

 

ကွန်ရက်တွေ့ဆုံပွဲတွင် ရေးမြို့နယ် ရှေ့နေများကိုယ်စား ဦးဉာဏ်သိန်းနှင့် မြို့နယ်မွန် စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ နိုင်မင်းအောင်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး ရာမညမွန် ရှေ့နေများ ကွန်ရက်မှ ဦးဝင်းကြည်က ရာမညမွန်ရှေ့နေများ ကွန်ရက်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ် များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဌ ဦးစိုးသိန်းက ဥပဒေ အထောက်အကူပြု လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

 

08

 

ဆက်လက်ပြီး ရာမညမွန်ရှေ့နေများကွန်ရက်မှ ဦးဝင်းကြည်နှင့် မော်လမြိုင်ခရိုင် ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဒေါ်အေးမြိုင်တို့က ဥပဒေရေးရာများကို ဆွေးနွေးခြင်း၊ မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။

 

25

 

အဆိုပါကွန်ရက်တွေ့ဆုံပွဲသို့ မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့ဝင်များ ဥပဒေဆိုင်ရာ အတွေ့အကြုံ ရှိသူများနှင့် ရေးမြို့နယ်အတွင်းရှိ ဥပဒေကို စိတ်ပါဝင်စားသူ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

အောင်ဖြိုး(ပြန်/ဆက်)