ရေး ၆ မတ်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉:ဝ၀) နာရီမှ စတင်၍ ပထမနေ့ ဘာသာရပ်ဖြစ်သော မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြသည်။
ရေးမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ( ၂၄၃၀) ဦးရှိသည့်အနက် မြန်မာစာဘာသာရပ်ကို ဖြေဆိုသူ စုစုပေါင်း( ၂၂၇၂) ဦး ရှိပြီး ပျက်ကွက်သူ ( ၁၅၈) ဦးရှိကြောင်း သိရသည်။
စာမေးပွဲကို အ.ထ.က(၁)ရေး စာစစ်ဌာန၊ အ.ထ.က(၂) ရေး စာစစ်ဌာန၊ အ.ထ.က(အစင်) စာစစ်ဌာနနှင့် အ.ထ.က(လမိုင်း) စသည့် စာစစ်ဌာန(၄)ခု၌ ကျောင်းသား/ ကျောင်းသူများ ဖြေဆိုလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းတို့က အဆင်ပြေစွာ ဖြေဆိုနိုင်ရန် ကြီးကြပ်စီစဉ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)