ရေးမြို့နယ် ဓာတ်အားပေးစက်ရုံ အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ရေး ၂၈ ဒီဇင်ဘာ 

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရှိ မြတ်သူရကုမ္ပဏီမှ ရေးမြို့သို့ ဓာတ်အားပို့လွှတ်လျက်ရှိသော ဓာတ်အားပေးစက်ရုံမှ မီးစက်များ အပူချိန်လွန်ကဲပြီး ယနေ့နံနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

23

 

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ရေးမြို့သို့ ဓာတ်အားပို့လွှတ်လျက်ရှိသော မိန်းထရန်စဖော်မာ (၃၀၀၀)KVA (၁)လုံး၊ ဇီးဖြူသောင်အစင်သို့ ပေးပို့လျက်ရှိသော မိန်းထရန်စဖော်မာ (၁၅၀၀)KVA (၁)လုံး၊ ဒူးယားကျေးရွာသို့ ပေးပို့လျက်ရှိသော မိန်းထရန်စဖော်မာ (၇၅၀)KVA (၁)လုံးနှင့် ဓာတ်အားပေးစက် (၁၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင် လူနေအိမ်များ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

 

6+

 

မြို့နယ်(ပြန်/ဆက်)