နေပြည်တော် စက်တင်ဘာ ၄    

 

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့သော ကဗျာဝ- တရုတ်ထောက် ပင်လယ်ကမ်းခြေပတ် မြေသားလမ်း ၃ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၂၄၁ ဒသမ ၅၉၉ သန်းဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် မြေသားလမ်း ၂ မိုင်ကိုလည်း  ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

 

အဆိုပါလမ်းသည် ကဗျာဝကျေးရွာနှင့် တရုတ်ထောက်ကျေးရွာများရှိ အိမ်ထောင်စု ၄၆၅ စု၊ လူဦးရေ ၂၆၂၃ ဦးကို အကျိုးပြုလျက်ရှိကြောင်း သိရှိရသည်။

(သတင်းစဉ်)