ရေး၊  ၂၀ ဇန်နဝါရီ        

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာရှိ ရောဂါဖြစ်ပွားနေသော ဆင်ထီးတစ်ကောင်အား ကွင်းဆင်းဆေးကုသပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆေးကုသပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွဋ်အောင်နှင့် ဝန်ထမ်းများက မာန်အောင်ကျေးရွာနေ ဦးစောချစ်ကို၏ အသက်(၁၈) နှစ်အရွယ် ဖာဟေ့အမည်ရှိ ဆင်ထီးအား ဆေးကုသပေးကာ ယခုလို စားကျက်ရှားပါးခြင်း၊ ရေရှားပါးခြင်း အခြေအနေများတွင် သဘာဝအစားအစာ ရှားပါးမှုကြောင့် တစ်ခါတလေ ဖြစ်ခဲသော ရောဂါများ ဖြစ်ပေါ်တတ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)