ရေး နိုဝင်ဘာ ၈

 

မွန်ပြည်နယ် ရေးမြို့နယ် မြို့နယ်လူမှုဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ တူးမြောင်း ကျေးရွာအုပ်စု ပုပ္ပဝတီကျေးရွာ ကျုက်ဒေ့တမော့‌ဗရတ် (သာသနာပြုနယ်မြေ) လျောင်းတော်မူ ဘုရားအတွင်း၌ ယနေ့နံနက် ၉ နာရီခွဲက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးမှူး ဦးဌေးဝင်းက ကျေးရွာသူ/ သားများအား ပန်းခင်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခုလို ကွင်းဆင်း ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် နိုင်-၃ (က) လျောက်ထားသူ (၁၂) ဦး၊ နိုင် - ၆ (က) လျောက်ထားသူ (၂၁) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်လျောက်ထားသူ (၄၁) ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးလျောက်ထားသူ (၄၀) ဦး စုစုပေါင်း (၁၁၄) ဦးတို့အား အတည်ပြုလက်ခံ ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါကျေးရွာသို့ ကွင်းဆင်းဆောင် ရွက်ပေးမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမကြိမ်တွင်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၄၂) ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ခင်သိမ့်သိမ့်ရည်( ပြန်/ဆက်)

 

mdn