ရေး ဇူလိုင် ၉
(၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက(၁)နှင့် မူလွန်(၅)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။
ဟောပြောပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက အာဇာနည်နေ့ဖြစ်ပေါ် လာပုံ၊ မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီး ကိုးဦးတို့၏ အတ္ထုပတ္တိများ ဟောပြောပေးသည်။
ထို့နောက်ဟောပြောသည့် အကြောင်းအရာအလိုက် ပြန်လည် မေးမြန်းခဲ့ရာ အဖြေမှန်သည့် ကျောင်းသား ကျောင်းသူများအား ဆုများ ချီးမြှင့်ပေးပြီး (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ် စာစောင်များ ခင်းကျင်းပြသပေးထားရာ ကျောင်းသား ကျောင်းသူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ရှင်းသန့်ဖြူ


