ရေး အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးဦးက တပ်ရင်း/တပ်နယ် မိသားစုဝင်များ ကိုယ်စား တပ်ရင်းအရာရှိတစ်ဦးအား အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမျိုးအောင်၊ အတွင်းရေးမှူးရဲမှူးသိန်းဇော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မြို့နယ်ဦးစီးမှူးတို့မှ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တာဝန်ခံများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ရေးမြို့နယ်တွင် ပန်းခင်းစီမံချက်ကာလအစမှ ယနေ့ထိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား (၉၄၅)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃၉၀) တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်


