ရေး     ဇွန်        ၂၈

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။

 

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် (ဧပြီ၊ မေ၊ ဇွန်) အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလအတွက် တစ်ယောက်လျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ၁၁၃၈ ဦးအတွက် စုစုပေါင်းငွေကျပ် ၃၄၁,၄၀,၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်မှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရေး(ပြန်/ဆက်)