ရေး နိုဝင်ဘာ ၅
မွန်ပြည်နယ် ရေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိပ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးမှုသည် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ တတိယအပတ်(ဇွန်၊ ဇူလိုင်၊ ဩဂုတ်)လ များအတွက် ထောက်ပံ့ပေးမှုဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု(၄၄)ခု အတွင်းရှိ ဘိုးဘွား(၁၂၈၀) အား တစ်ဦးလျင် (၁)လ တစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာ သုံးသောင်းကျပ် စုစုပေါင်း ငွေကျပ် ၃၈၄၀၀၀၀၀ ကို အဘိုးအဘွားများ၏ အိမ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ် ထောက်ပံ့မှုသည် ၂၀၂၁ခုနှစ်အတွင်း တတိယအကြိမ်မြောက် ထောက်ပံ့ပေးအပ်မှုဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်
မြို့နယ်၊ ပြန်/ဆက်


