ရေး  ၅ မေ

ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ ဘူတာအနီး ရေး-မော်လမြိုင် ရထားလမ်း မိုင်တိုင်(၂၃၉/၁၆-၁၇) ကြား၌ ယမန်နေ့နံနက် ၈ နာရီခွဲက ရထားလမ်းနှင့် ကားလမ်းဆုံသော နေရာတွင် သံဖြူဇရပ်မြို့မှ ထားဝယ်မြို့သို့ စက်ခေါင်းမောင်း ဦးအေးလွင် မောင်းနှင်ထွက်ခွာလာသော ရန်ကုန်-ထားဝယ် အမှတ်- ၁၇၅၊ အဆန်ရထား စက်ခေါင်းအမှတ် (DD- ၉၃၇) နှင့် အတွဲ(၈) တွဲပါ ရထားနှင့် ယာဉ်မောင်းဦးထွန်းဝင်း (အဘ) ဦးမောင်ငယ်၏သား မောင်းနှင်လာသည့် ကျောက်တင်ကုန်ကားကြီး ယာဉ် အမှတ်(2B/6478)၊ (၁၂) ဘီး၊ (NISSAN) ယာဉ်တို့ တိုက်မိခဲ့ကြောင်း သိရသည်။

 

4080

 

ယာဉ်တိုက်မှုကြောင့် ကျောက်တင်ကားမှာ ပေ(၁၀ဝ)ခန့် လွင့်စင်သွားကာ မော်တော်ယာဉ်၏ ရှေ့ဘယ်ဘက်ခြမ်း၊ စီတိုင်ကီပိန်ချိင့်သွားပြီး ရထားနှင့် ခရီးသည်များ ထိခိုက်ပျက်စီး ဒဏ်ရာရရှိမှု မရှိကြောင်း၊ ရထားမှာ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ထားဝယ်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီး ယာဉ်မောင်း ဦးထွန်ဝင်းအား ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)