ရေး မတ် ၁၀

 

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မတ် ၁၁ ရက်မှ ၁၇ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု စစ်ဆေးခြင်းနှင့် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းကို မတ် ၉ ရက်က တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ပေးခြင်းကို ရေးမြို့နယ် (ခေတ္တ)တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီးကျော်သူဝင်း၊ ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ (ခေတ္တ)ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ရေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စာစစ်ဌာနအသီးသီးမှ တာဝန်ခံကြီးကြပ်သူ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စာဖြေခန်းများ၊ စာဖြေခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ်လုံခြုရေး ဆောင်ရွက် ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ထားရှိရန် မှာကြားသည်။  

 

ရှင်းသန့်ဖြူ