ရေး ၂၃ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများသည် ရေးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့၍ ပြင်ဆင်ဆောင်ရွက်နေသော လုပ်ငန်းများနှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအား မေ ၂၂ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ရေးမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ဖလံချောင်းဝ-ကျုံကွီးလမ်း (၂/၃)မိုင် ကျောက်ခင်းခြင်းနှင့် ၎င်းလမ်းပေါ်ရှိ ပေ ၆၀ ကွန်ကရစ်တံတား၊ ပေ ၈၀ ဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းများနှင့် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော ပေ ၂၄၀ ကွန်ကရစ်တံတား၊ ပေ ၁၂၀ ကွန်ကရစ်တံတား၊ ပေ ၁၀၀ ကွန်ကရစ်တံတား၊ ပေ ၉၀ ကွန်ကရစ်တံတား၊ ပေ ၆၀ ကွန်ကရစ်တံတား၊ ပေ ၁၀ ကွန်ကရစ်တံတားနှင့် ၆ ပေ Box Culvert ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ မဏိပူရ-ကျောက်တိုင် လမ်းပေါ်ရှိ ပေ(၄၀) ကွန်ကရစ်တံတားအသစ် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မေ ၂၃ ရက်တွင် သံဖြူဇရပ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဝဲကလိကျေးရွာ အောက်လမ်း ပေ(၁၅၀၀)ကတ္တရာခင်းခြင်း၊ ဘုရားလေးဆူ စာသင်ကျောင်းအဝင်လမ်း ပေ (၁၁၀၀) ကတ္တရာခင်းခြင်း၊ နှစ်ကိုင်းကျေးရွာ ရွာလယ်လမ်းပေ (၄၂၀၀) ကတ္တရာခင်းခြင်း၊ ပဒံငံလေးကျေးရွာရှိ အဝင်လမ်း ပေ (၂၀၀၀) ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွမ်သတ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင်လမ်း ပေ(၁၂၀၀) ကတ္တရာခင်းခြင်း လုပ်ငန်းတို့ကို ဆက်လက်စစ်ဆေးခဲ့သည်။
(မြို့နယ် ပြန်/ဆက်)


