ရေး၊ ၃ ဒီဇင်ဘာ

မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံးက ကြီးမှူးကျင်းပသည့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး  စံပြကျေးရွာတွင် စိုက်ပျိုးထားသော မိုးစပါးပေါ်ဆန်းရင် သုည ဒသမ ၁၀ ဧကရှိ ကွင်းအမှတ်(၁၁၆၀) တောင်သူ ဦးဝင်းရှိန်၏ စိုက်ခင်းပေါ်တွင် ဒီဇင်ဘာ  ၃  ရက် နံနက် ၉ နာရီက မြို့နယ်အဆင့် စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်ကြသည်။

 

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ တောင်သူများ၊ ပေါ်ဆန်းရင် စပါးစိုက်ခင်းပိုင်ရှင် တောင်သူ ဦးဝင်းရှိန်တို့ တက်ရောက်ခဲ့ကြသည်။ တောင်သူ ဦးဝင်းရှိန်၏ လယ်မြေ သုည ဒသမ ၁၀ ဧကရှိ ပေါ်ဆန်းရင် မိုးစပါးစိုက်ခင်းပြုလုပ်ထားပြီး မြို့နယ်အဆင့် စံပြအဖြစ် သတ်မှတ်ကာ အစို ၇၆ တင်းခန့် စပါးထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)