ရေး ၂ ဇန်နဝါရီ    

မွန်ပြည်နယ် ရေးမြို့နယ် မြကန်သာရှေးဟောင်းကျုံးတော်ကြီးတွင် ၂၀၁၉ ခုနှစ် (၇၁)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ထွဏ်းခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးညွန့်ဆွေ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ 

mdn

လှေလှော်ပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာများမှ လှေလှော်အသင်း(၁၂) သင်းတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

mdn