ရေး၊ ၉ ဇန်နဝါရီ 

မွန်ပြည်နယ်၊ ရေးမြို့တွင် မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာလတွင်  ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူရောင်းချမှု အခက်အခဲမရှိစေရန်နှင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်သူများ ငါးများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ ရေငန်ငါးများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ရေးမြို့ အောင်မေတ္တာရပ်ကွက်တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်သမဝါယမဦးစီးမှူး ဦးထွန်းရဲအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးသီဟ၊ အတွင်းရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များက စားသုံးသူအသင်းသားများ၊ ပြည်သူများအား ငါးသရော၊ ပင်လယ်ငါးရောင်၊ ငါးဇာဗျတ် ပိဿာအချိန်(၃၀)ကို ရောင်းချပေးခဲ့သည်။ 

ငါးများကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ချိတ်ဆက် ကူညီဆောင်ရွက်ပေးခဲ့ပြီး နောက်ရက်များတွင် စားသုံးသူပြည်သူများထံသို့လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)