ရေး  ၂၃  ဧပြီ

 

မွန်ပြည်နယ်၊ ရေးမြို့ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ပရဟိတလူငယ်များစုပေါင်း၍ နှာခေါင်းစည်းများချုပ်ကာ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ 

 

အခမဲ့ဖြန့်ဝေသော နှာခေါင်းစည်းများအား အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်စွာသုံးစွဲနိုင်ရေး အတွက် လီနင်သားဖျင်ဖြင့် ချုပ်လုပ်ပြီး ပြန်လျှော်သုံး၍ရသော နှာခေါင်းစည်းနှင့် နှာခေါင်းစည်း ကိုယ်တိုင်ချုပ်နည်း လက်ကမ်းစာရွက်များကိုလည်း ဖြန့်ဝေပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

"အရည်အသွေးကောင်းမွန်ပြီး အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးကို ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာလူငယ်အဖွဲ့ဝင်များနှင့် စုပေါင်းပြီး အပ်ချုပ်စက် (၉)လုံးဖြင့် တစ်နေ့ကို နှာခေါင်းစည်း အခု(၂၀၀) ချုပ်လုပ်နိုင်ပြီး အခြားရပ်ကွက်၊ ကျေးရွာရှိ လူမှုရေးအဖွဲ့များသို့ အခမဲ့ ဖြန့်ဝေပေး လျက်ရှိကြောင်း" ပိုဝယ်ခဲ့ပါ ပရဟိတ(ရေး)အသင်းဝင် မအေးအေးမြတ်က ပြောသည်။ 

 

ရေးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ အ.ထ.က(၂)ကျောင်းတွင် အောင်မင်္ဂလူငယ်အဖွဲ့မှ အသင်းဝင် များအား  နှာခေါင်းစည်းချုပ်နည်း ကူညီမျှဝေပေးသလို အခြားသောသူများကိုလည်း ပညာဒါနအဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဖြိုး(ပြန်/ဆက်)