စစ်ကိုင်း ၂၃ စက်တင်ဘာ
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ယနေ့ နေ့လယ်ပိုင်းက ငလျင်ဘေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရသည်။
အဆိုပါ အခမ်းအနားကို စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း(SERT)၊ ရွှေမင်းဝံရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်တို့ ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် မီးဘေးအန္တရာယ် နှင့်သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဟောပြောခြင်း၊ ရှေးဦးမီးငြှိမ်းသတ် ပစ္စည်းအသုံးပြုငြှိမ်းသတ်လေ့ကျင့်ခြင်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက်မီးငြှိမ်းသတ်ခြင်း၊ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငလျင်ဘေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြ အခမ်းအနားတွင် ငလျင်လှုပ်ခတ်ကြောင်းအချက်ပေးခြင်း ၊ ပြည်သူလူထုကိုဘေးလွတ်ရာသို့ ပြေးထွက်ရမည့်ပုံစံများပြသခြင်း ၊ အမြန်ပြေးထွက်၍ မရနိုင်သော အ ခြေအနေများတွင် လုပ်ဆောင်ရမည့် နည်းလမ်းများပြသခြင်း ၊ ကူညီကယ်ဆယ်ရေး ပြုလုပ်သူများမှ ဝင်ရောက်ရှာဖွေရေးပြု လုပ်မှုပုံစံများ ပြသခြင်း ၊ ဒဏ်ရာရလူနာများကို ကျန်းမာရေးဌာနသို့ ပို့ဆောင် ခြင်းလုပ်ငန်းများ စသည့် တို့ကို သရုပ်ပြသဇာတ်တိုက်သွားကြောင်း သိရသည်။
လူအောင်(ကသာ)


