နေပြည်တော် နိုဝင်ဘာ ၁၀

 

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိရာ ရွှေမြန်မာအငြိမ့်ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၃ ရက်၊ စနေနေ့ ည()နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 

ယင်းဖျော်ဖြေမှုကို ရွာစားကျော် နိုင်လင်းဗိုလ်(ဆိုင်း) တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဆောင်းနှင်းဝေဝေ၊ ရှေ့ထွက်မင်းသမီး အေးချမ်းငြိမ်း၊ လူရွှင်တော်များဖြစ်ကြသည့် လမုန့်၊ ဝမ်းတူး၊ အာဗြဲနှင့် ရောင်နီတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

ရွှေမြန်မာအငြိမ့်တင်ဆက်မှုကို နိုဝင်ဘာ ၁၇ ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီး တွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)