ဝါးခယ်မ ၃၁ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှ ကုန်သွယ်မှုလုပ်ငန်းအမြင့်မားဆုံး စွမ်းဆောင်ဆုရ ရွှေမြန်ပြည်အေးချမ်းပြည့် ရောင်းဝယ်ရေးသမဝါယမအသင်းသည် ဝါးခယ်မ မြို့နယ်အတွင်းနှင့် အနယ်နယ်အရပ်ရပ်ရှိ မုန့်ဟင်းခါးကို ကြိုက်နှစ်သက်သူများ အလွယ်တကူ ချက်၍ စားသုံးနိုင်ရန်အတွက် ဖိုးချင်း(ချင်းမ)တံဆိပ်ဖြင့် ဝါးခယ်မမုန့်ဟင်းခါး (မုန့်ဟင်းရည်ခြောက်)ထုပ်များကို လက်လီလက်ကား ရောင်းချပေးလျက်ရှိရာ မုန့်ဖတ် တစ်ပိဿာနှင့် အသင့်စားသုံးနိုင်သည့် မုန့်ဟင်းရည်ခြောက် တစ်ထုပ်လျှင် ငွေကျပ် ၄၀၀၀ နှုန်း၊ မုန့်ဖတ်ငါးဆယ်ကျပ်သားနှင့် အသင့်စားသုံးနိုင်သည့် မုန့်ဟင်းရည်ခြောက် တစ်ထုပ်လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
MDN