မိုးညှင်း နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားပေါ်၌ နိုဝင်ဘာ တတိယပတ်တွင် ဒေသခံရွာသူ ရွာသားများနှင့် ဘုရားဖူး ပြည်သူများက သန့်ရှင်းရေးလုပ်အားဒါနဖြင့် တပျော်တပါး လာရောက်ကုသိုလ် ပြုကြကြောင်း သိရသည်။
ရွာသူရွာသားများနှင့် အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများသည် ဘုရားရင်ပြင်ပေါ်မှ အင်းရေများ ကျဆင်းလာသဖြင့် ရေညှိ ရေမှော်ပင် ဒိုက်များတင်ကျန်နေသည့် အမှိုက်တရိုက်များကို ရှင်းလင်းခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဘုရားစေတီပုထိုးတော်များအား ရေသပ္ပါယ်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ လဲလှယ်ကပ်လှူပူဇော်ခြင်းတို့ကို တပျော်တပါး စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနကုသိုလ် ပြုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း