ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ ဆရာ”
“ဗျာ”
“ ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ဘဝစီမံကိန်းပါတဲ့”
“ ဘာအဓိပ္ပာယ်လဲဆရာ”
“လူရယ်လို့ဖြစ်လာရင် ဘဝမှာ စီမံကိန်းရှိရမယ်လေ”
“ အကျယ်ကို ရှင်းပြပါဦးဆရာ”
“ဖတ်ကြည့်ကြစို့”
ဘဝစီမံကိန်း
- စာအုပ်အမည်က “ဘဝစီမံကိန်။”
- မူရင်းစာအုပ်အမည်မှာ The Life Plan ဖြစ်သည်။
- မူရင်းစာရေးဆရာမှာ Robert Ashton ဖြစ်သည်။
- မြန်မာပြန်သူ စာရေးဆရာမှာ အောင်စည်သာဖြစ်သည်။ စိတ်ကူးချိုချိုစာပေတိုက်က ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေသည့်စာအုပ်ဖြစ်သည်။
မာတိကာ
အောက်ပါဆောင်းပါး(၁၀)ပုဒ် ဖော်ပြပါရှိသည်-
(၁) ဘဝစီမံကိန်း
(၂) ဦးစားပေးရမည့် အရာတွေ
(၃) အချိန်
(၄) အပြောင်းအလဲ
(၅) ကျန်းမာရေး
(၆) စိတ်ဖိစီးမှုများ
(၇) အလုပ်ခွင်
(၈) ပေါင်းသင်းဆက်ဆံရေး
(၉) ငွေကြေး
(၁၀) ဘဝစီမံကိန်းရဲ့ နိဂုံး(သို့) သင့်လက်တွေ့ဘဝရဲ့အစ
ထူးထူးခြားခြား စာအုပ်တစ်အုပ်
ထူးထူးခြားခြား စာအုပ်တစ်အုပ်ဖြစ်သည်။ ဘဝစီမံကိန်းဖြစ်၍ လူတွေ၏ ဘဝမှာ ပိုမိုကောင်းမွန်သည်များ ပိုင်ဆိုင်နိုင်ဖို့ဖြစ်သည်။ နည်းလမ်းပေါင်း ၇၀၀ ဖော်ပြပေးသည်။ လိုတိုရှင်း နည်းလမ်းများလည်းဖြစ်သည်။ ကျန်းမာရေး၊ အောင်မြင်မှု၊ မိသားစုဘဝ၊ ငွေကြေး စသည်ဖြင့် ခေါင်းစဉ်များ ခွဲထားသည်။
အောင်မြင်မှုဆိုတာဘာလဲ
လူတစ်ယောက်ချင်းအပေါ်မူတည်၍ ကွဲပြားသည်။ တစ်ယောက်ချင်းစီအပေါ်မှာ သက်ရောက်တဲ့ တွန်းအား၊ ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ ကျင်လည်ရသော ပတ်ဝန်းကျင် ရှင်သန်ရသောခရီးများ ကွဲပြားတတ်သည်။ ထိုအခါ လိုအင်ဆန္ဒများ ကွဲပြားမည်။ နောက်ဆုံးတွင် အောင်မြင်မှုပါ ကွဲပြားသည်။
လူသားတိုင်း အောင်မြင်မှုကို အလိုရှိကြသည်။ ထိပ်ဆုံး နေရာတွင် အောင်မြင်မှုရှိသည်။ လူအကြောင်း စစ်တမ်းများကောက်သည်။ ကောက်ချက်များဆွဲသည်။ အချက် အလက်များ စိစစ်သည်။
အောင်မြင်မှုကို ဘယ်လိုသတ်မှတ်မည်လဲ။ ဘယ်အရာသည် လူတွေအတွက် တွန်းအားဖြစ်သလဲ။ ဘယ်အရာကိုရရင် အောင်မြင်တယ်လို့ သတ်မှတ်မလဲ။ လေ့လာကြသည်။
အချက်(၃)ချက်
အောင်မြင်သည်ဟု အောက်ပါအချက်(၃)ချက်ကို အခြေခံပြီ၊ ယူဆသတ်မှတ်သည်-
(၁) ဘယ်လောက်ပိုင်ဆိုင်လဲ။ ဘာတွေပိုင်ဆိုင်သလဲ။
(၂) ဘယ်လောက်လူသိလဲ။ ဘာကြောင့်လူသိလဲ။
(၃) ကိုယ့်လုပ်ရပ်က ဘယ်လောက်အကျိုးရှိသလဲ။ ဘယ်သူတွေအတွက်လဲ။(စာ-၃)
ကွဲပြားသော အောင်မြင်မှုများ
ဆရာအောင်စည်သာက ကွဲပြားသော အောင်မြင်မှုများကို အောက်ပါအတိုင်းဖော်ပြသည်-
(၁) Material Success လို့ခေါ်တဲ့ ရုပ်ဝတ္ထုဆိုင်ရာအောင်မြင်မှု။
(၂) Emotional Success လို့ခေါ်တဲ့ ခံစားမှုနဲ့ပတ်သက်တဲ့ အောင်မြင်မှု
(၃) Intellectual Success လို့ခေါ်တဲ့ ဉာဏပစ္စည်းတွေနဲ့ဆိုင်တဲ့ အောင်မြင်မှု။
(၄) Spiritual Success လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာအောင်မြင်မှု။
(၅) Physical Success လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာအောင်မြင်မှု။
(၆) Commercial Success လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာ အောင်မြင်မှု။
(၇) Evangelical Success လို့ခေါ်တဲ့ ဩဇာသက်ရောက်မှုနှင့် အောင်မြင်မှု။
(၈) Environmental Success လို့ခေါ်တဲ့ ပတ်ဝန်းကျင်မှာ အောင်မြင်မှု။
(၉) Time Success လို့ခေါ်တဲ့ အချိန်တွေနဲ့ပတ်က်တဲ့ အောင်မြင်မှု။
(၁၀) Collective Success လို့ခေါ်တဲ့ အုပ်စုလိုက်အောင်မြင်မှု။ (စာ-၄)
ဘယ်လိုသတ်မှတ်မလဲ
(၁)ငွေကြေး၊ (၂) ကျန်းမာရေး၊ (၃) ချစ်ခြင်းမေတ္တာ၊ (၄) သက်သောင့်သက်သာရှိမှု၊ (၅) သင်ယူမှု၊ (၆) အပျော်အပါး၊ (၇) ပေးကမ်းခြင်း၊ (၈) ဆုတံဆိပ်များ၊ (၉) အပြောင်းအလဲနှင့် (၁၀) ပစ္စည်းဥစ္စာတို့ ဖြစ်ပါသည်။ (စာ-၇)
မေးခွန်း
၁။ အထက်ပါအရာတွေထဲမှာ အလိုချင်ဆုံးသုံးခုကဘာလဲ။
၂။ ဘာလို့ အဲဒါတွေက ငါ့အတွက် အရေးကြီးဆုံး၊အလိုချင်ဆုံး ဖြစ်ရတာလဲ။
၃။ ဘာကို ပထမဦးစားပေးထားရမလဲ။ ဘာလို့လဲ။
၄။ အဲဒီအရာတွေကို တကယ်ရအောင် လုပ်နိုင်စွမ်းကော ရှိရဲ့လား။
၅။ ငါ့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုစံတွေနဲ့ တိုင်းတာသွားမလဲ။
၆။ ငါဘယ်နေရာက စရမလဲ။ ပထမခြေလှမ်းကဘာလဲ။
၇။ ငါနဲ့အတူ အောင်မြင်မှုအတွက် ဘယ်သူတွေကိုပါဝင်စေရမလဲ။
၈။ သူတို့တွေကော ငါ့ကိုကူညီလို့ ဘာရနိုင်မလဲ။
၉။ သူတို့တွေရဲ့ ပူးပေါင်းပါဝင်မှုရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ သူတို့ကို ပါဝင်လာအောင် ဘယ်လို ဆွဲဆောင်ရမလဲ။
၁၀။ ငါအဲဒီသုံးခုကို ရပြီဆိုတာနဲ့ နောက်ရည်မှန်းထားတဲ့ ရည်ရွယ်ချက်က ဘာလဲ။(စာ-၉)
လိုက်နာရမည့် အချက်(၁၀)ချက်
၁။ အဆင့်တိုလေး သတ်မှတ်ပါ။
၂။ စာရွက်မှာ ချရေးပါ။
၃။ သူရဲကောင်းတွေ ရှိပါစေ။
၄။ မှန်မှန်သာ သွားပါ။
၅။ ယုတ္တိတန်ပါစေ။
၆။ ကြီးကြပ်သူတစ်ယောက် ထားပါ။
၇။ မိုင်တိုင်တွေကို သတ်မှတ်ပါ။
၈။ နောက်ပြန်လှည့်ကြည့်ပါဦး။
၉။ စံထားပါ။
၁၀။ အကောင်းမြင်ပါ တို့ဖြစ်ပါသည်။ (စာ-၁၂)
မမေ့သင့်သည့်အရာ
ဘဝစီမံကိန်းကိုဆွဲတဲ့အခါ မမေ့သင့်တဲ့ အရေးကြီးအရာတစ်ခုရှိပါတယ်။ လူတိုင်းလူတိုင်းဟာ အခွင့်အရေးတစ်ခု၊ အောင်မြင်မှုတစ်ခုဆီကို စသွားတဲ့အခါ နေရာတစ်ခုကနေ တူညီစွာ စထွက်ရမယ်ဆိုတာပါပဲ။ မျှော်လင့်ချက်တွေ၊ ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ပဲ စီမံကိန်းတွေဆွဲ၊ အောင်မြင်မှုတွေ ရခဲ့တာပါ။ အဲဒီတော့ လူတိုင်း သင်နဲ့တန်းတူ ကြိုးစားရတယ်ဆိုတဲ့စိတ်ဟာ သင့်ရဲ့ ဘဝစီမံကိန်းမှာ မမေ့သင့်တဲ့အရာပါဟု မြန်မာပြန်သူ စာရေးဆရာ အောင်စည်သာမှ ရေးသားထားပါသည်။
နိဂုံး
(၁)
စာဖတ်အားနည်းသော လူငယ်များ စာဖတ်ကြပါ။
များများဖတ်ကြပါ။
(၂)
ဘဝမှာ အလုပ်လုပ်စရာတွေ အများကြီးပါပဲ။ စာအုပ်တွေက ထောက်ပြသတိပေးနေတာပဲ။
(၃)
စီမံကိန်းချပြီး အလုပ်လုပ်ရင် ပို၍ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဘဝစီမံကိန်း စာအုပ်က ညွှန်ပြခဲ့ပြီ မဟုတ်ပါလား။
ကြေးမုံ