မနီလာ ၇ မေ
ဖိလစ်ပိုင်ရေတပ်ဖွဲ့သည် Augusta WestlandAW 159 ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ် အသစ်နှစ်စင်းကို ဝယ်ယူထားကြောင်း ဖိလစ်ပိုင်ရေတပ်ဖွဲ့အကြီးအကဲက မေ ၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်နှစ်စင်းကို မေ ၇ ရက်အစောပိုင်းတွင် ပို့ဆောင်လာခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်ဖွဲ့ ရွက်လှေအသင်းမှ ကွပ်ကဲရေးအဖွဲ့ အကြီးအကဲ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ရောဘတ်အမ်ပီဒက်ဒ်က ပြောကြားခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်သည် ရေတပ်ဖွဲ့ကို ရှာဖွေထောက်လှမ်းရေး အထောက်အကူပြုမည်ဖြစ်ကာ ရေအောက်မှ ပေါ်ပေါက်လာနိုင်သည့် ခြိမ်းခြောက်မှုအန္တရာယ်ကို လျော့ပါးစေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် အဆိုပါရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်နှစ်စင်း ဝယ်ယူမှု နှင့် ရဟတ်ယာဉ်များနှင့် စပ်လျဉ်းသည့် အခြားအရေးကြီး ပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများအတွက် ဖိလစ်ပိုင်ငွေကြေး ပီဆို ၅ ဒသမ ၄ ဘီလီယံ( အမေရိကန် ဒေါ်လာ ၁၀၄သန်း) တန်ဖိုးခန့်ဖြင့် ပေးချေခဲ့ရသည်ဟု သိရသည်။ AW 159 ရဟတ်ယာဉ်သည် ရှာဖွေထောက်လှမ်းရေးအတွက်သာမက ဒုံးပျံများ၊ စက်သေနတ်များ၊ ဒုံးကျည်များ၊ တော်ပီဒိုများနှင့် ရေငုပ်သင်္ဘောဖျက် ဖောက်ခွဲရေးပစ္စည်းများကိုလည်း တပ်ဆင်အသုံးပြုနိုင်ကြောင်း အမ်ပီဒရက်က ပြောကြားသည်။ ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်သည် ကမ္ဘာ့အရှည်လျားဆုံး ပင်လယ်ကမ်းရိုးတန်းရှိသည့် နိုင်ငံဖြစ်သည်။
ဆင်ဟွာ