ရေတာရှည်၊ ၂ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ အရှေ့၊ ဆွာချောင်းတစ်ဘက်ခြမ်းရှိ ကျေးရွာအများစုသည် လက်ရှိ ရာသီချိန် ပဲသီးနှံများအား မြို့စျေးကွက်သို့ တင်ပို့ရာတွင် ရေနီး - တံတားကြီး - ဆွာမင်းလမ်း ကျေးရွာချင်းဆက်လမ်းအတိုင်း ရန်ကုန်-မန္တလေး ကားလမ်းသို့ အဆင်ပြေစွာ သွားလာနိုင်ကြပြီဖြစ်၍ ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိသည်ကို တွေ့ရှိရသည်။
“ကျွန်တော်တို့ ဆွာချောင်း အရှေ့ဘက်ခြမ်းမှာရှိတဲ့ တောင်သူတွေ ရာသီချိန်သီးနှံပေါ်ပြီဆိုရင် မြို့ကိုပို့ရတာ အခက်အခဲဖြစ်ကြတယ်။ ရေနီးချောင်းဖြတ်တံတားကျတော့ ကုန်နဲ့ဖြတ်လို့မရဘူးလေ၊ ခုလမ်းပိုင်းကျတော့ ရာသီမရွေး အဆင်ပြေပြေ သွားလို့ရတယ်” ဟု ခင်းတန်းလေးကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ဆွာမြို့ အရှေ့ခြမ်းဒေသများသည် စပါး၊ ပဲအမျိုးမျိုး၊ နှမ်း၊ နေကြာ အစရှိသော သီးနှံများစွာ စိုက်ပျိုးလျက်ရှိပြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ ကောင်းမွန်လာခြင်းကြောင့် မြို့စျေးကွက်ကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် တင်ပို့နိုင်ကြပြီဖြစ်သည်။
ကိုလွင်(ဆွာ)


