ရန်ကုန် ၂၇ ဇန်နဝါရီ
ရေနံဓာတ်ငွေ့ရည် ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်အသုံးပြုမှုသင်တန်း (LPG SAFETY TRAINING COURSE အမှတ်စဉ်-၁) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိဌာနများမှ ဝန်ထမ်းများနှင့် ရေနံဓာတ်ငွေ့ရည်တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း၊ လိုင်စင်ရကုမ္ပဏီများမှ ဝန်ထမ်းများ စုစုပေါင်း ၆၂ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ်၂ ပတ်ကြာစာတွေ့၊ လက်တွေ့များ သင်ကြားပို့ချ သွားမည်ဖြစ်သည်။
(သတင်းစဉ်)
