ရေနံချောင်း  ၂  မတ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ရပ်ကွက်များသို့ ရေရရှိစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့မတောင်ရပ်ကွက်၊ ဆုံတိုက်ရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်၊ ရွှေကြာငုံရပ်ကွက်၊ ရွာသစ် ရပ်ကွက်နေ ပြည်သူများ ရေရရှိရေးအတွက်  ရေနံချောင်းမြို့ လက်မှတ်ကုန်းရပ်ရှိ ရေဂါလံတစ်သန်းဆံ့ ရေလှောင်ကန်မှ မြစိမ်းရောင် တံတားအထိ ရေပိုက်လိုင်း အရှည် ၄၅၀၀ ပေ သွယ်တန်းခြင်းကို ဆောင်ရွက်ပေး လျက်ရှိသည်။

 

အဆိုပါ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရေပေးရေးလုပ်ငန်း စည်ပင်ဘတ်ချက် ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းညွန်(ရေနံချောင်း)