ရေနံချောင်း  ၂၇   အောက်တိုဘာ

 

မကွေးတိုင်း ဒေသကြီးရေနံချောင်းမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းတွင် မြေထိုးခြင်းလုပ်ငန်း ရှစ်ဆယ်ရာခိုင်နှုန်း၊ စက်ရေတွင်းတူးလုပ်ငန်း တစ်ရာရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးရှိန်မြင့်မောင်ထံက သိရသည်။

 

ကားကြီးကွင်းမြေထိုးရာတွင် ကျင်းပေါင်းလေးသောင်းရှိပါတယ်။ စက်ရေတွင်းတူးဖေါ်သည့် လုပ်ငန်းရှိပါတယ်။ လုပ်ငန်းနှစ်ခုအတွက် ကုန်ကျငွေကျပ် ၆၅၀ သိန်းဖြစ်တယ်။ ဒီလုပ်ငန်းများအတွက် ကူညီခဲ့တဲ့ဌာနများကို ရှေ့တစ်ပတ်ထဲမှာဂုဏ်ပြုမှတ်တမ်းလွှာပေးရန် ရှိကြောင်း ဦးရှိန်မြင့်မောင်က ပြောသည်။

 

အထက်ပါကားကြီးကွင်း လုပ်ငန်းနှစ်ခုအား CSR ရန်ပုံငွေမှ ငွေကျပ် သိန်း ၅၅၀၊ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် သိန်း ၁၀ဝ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရေနံချောင်းမြို့တွင်း ကုန်းရပ်ကွက်မြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းလမ်းဆုံအနီးရှိ မြေ ၁၀ ဧကပေါ်၌ အဝေးပြးယာဉ်ရပ်နားစခန်းအား တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

 

ဆန်းညွန့်