ရေနံချောင်း ၂၅   ဇွန်


မြန်မာနိုင်ငံတွင် မန္တလေးကျူံးနံဘေး၌ ဖွင့်လှစ်ခဲ့သော food box မှစတင်ပြီး လူမှု့ကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် လူအများစိတ်ဝင်စားခဲ့ရာ နေရာအနှံ့အပြားတွင် ဖွင့်လှစ်လာခဲ့ပြီး အလားတူ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မတောင်ရပ် ဗိုလ်ချုပ်လမ်းမတော် အောင်သပြေတေးသံသွင်းနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဇွန် ၂၄  ရက်မနက်ပိုင်း မှ စတင်၍ Food box ထားရှိကြောင်း သိရသည်။
     

ရေနံချောင်းမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သည့် Food box အစီအစဉ်ကို ရေနံချောင်းမြို့မှ အလှူရှင်များ ဖြစ်ကြသည့် ဦးကြည်သိန်း + ဒေါ်မြင့်မြင့် မိသားစုတို့မှ အချိုရည် ရေသန့်ဗူး မုန့်မျိုးစုံတို့ကို နေ့စဉ်ငွေကျပ် နှစ်သောင်းဖိုး မတည်လှူဒါန်းကုသိုလ်ပြုလုပ်ပေးသွားကြမည်ဖြစ်ပြီး လူတစ်ဦးလျှင် အချိုရည်တစ်ဗူး (သို့မဟုတ်) ရေသန့်တစ်ဗူး နှင့်စားစရာ မုန့်တစ်ထုပ်နှုန်းကိုယူဆောင် စားသုံးနှိုင်စေရန်အတွက် အဓိကရည်ရွယ်၍ ကုသိုလ်ပြုလှူ ဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ဦးအောင်ကျော်ဦး၏ ပြောပြချက်အရ သိရသည်။


ဇော်ဇော်(မြို့သစ်)

 

1