ရေနံချောင်း ၂၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာပေချစ်သူများအဖွဲ့နှင့် နယ်လှည့်စာအုပ်အရောင်းဆိုင်များ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်းပွဲတော်ကို ရှစ်မျက်နှာဘုရားဝန်းအတွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါစာအုပ်ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၅ ရက်မှစတင်၍ ၅ ရက်တိုင်တိုင်ရောင်းချသွားမည်ဖြစ်ပြီး မိုးပျံစာပေ၊ သုခဘုံစာပေ၊ အောင်မြင်စာပေ၊ မအိစာပေ၊ ပြည်မြန်မာစာအုပ်တိုက်၊ မိဘမေတ္တာစာပေ၊ Third Story ၊ မေမေမှတ်စုစာပေ၊ ရွှေပိတောက်စာပေ၊ ဧပရယ်ဦး၊ ရွှေမြေစာပေ စသည့် နယ်လှည့်စာအုပ်အရောင်းဆိုင် ၁၃ ဆိုင် ပါဝင်ရောင်းချသွားမည်ဖြစ်သည်။
စာအုပ်အရောင်းဆိုင်များမှ နေ့စဉ်နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး သုတ၊ ရသစာအုပ်များ၊ ကလေးစာပေမျါး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်စာအုပ်များကို စာအုပ်တိုက်မှရောင်းချသည့်ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မိုးပျံစာပေ စာအုပ်အရောင်းဆိုင်မှ သိရသည်။
ကိုစိုးကြီး


