ရေနံချာင်း ၂၅ မေ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့က ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ပိတ်စဖြင့် ချုပ်လုပ် ထားသော အဝတ်နှာခေါင်းစည်း များကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဌ ဒေါ်နင်ခိုတင်ဌေးနှင့် တာဝန်ရှိသူများ၊ နှာခေါင်းစည်းချုပ်လုပ်သူများက အဝတ်နှာခေါင်းစည်း အခုရေ ၂၀ဝ၀ လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမန်ကိုဟောနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အဆိုပါ နှာခေါင်းစည်းများကို ချည်သားပိတ်စဖြင့် စနစ်တကျချုပ်လုပ်ထားပြီး လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ဒေသတွင်းအခြေခံလူတန်းစားများ၊ ဈေးရောင်း ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေပေးနိုင်ရန် ချုပ်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


