ရေနံချောင်း ၂၄ မတ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မတ် ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ရန်ကုန်တိုင်းဒေသကြီး ဝေဘာဂီအထူးကုဆေးရုံနှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်းက ပြည်ပမှပြန်လာသည့်လူနာနှစ်ဦး၏ ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ ယနေ့နံနက်ပိုင်းက အရေးပေါ်အစည်းအဝေးများပြုလုပ်ပြီး ကျင်းပနေဆဲဖြစ်သည့် ရေနံချောင်းမြို့ အစိုးရဓမ္မာစရိယစာမေးပွဲ၊ ရေနံချောင်းဒီဂရီကောလိပ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတို့မှ စာမေးပွဲများကို ယနေ့နံနက်ပိုင်းက စတင်၍ ယာယီရပ်ဆိုင်လိုက်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကျောင်းသားကျောင်းသူများ မိမိနေရပ်ဌာန အသီးသီးသို့ ပြန်လည်ထွက်ခွာလျက်ရှိပြီး ဖြေဆိုရန်ကျန်ရှိနေသော ဘာသာရပ်များကို စာမေးပွဲပြန်လည် ကျင်းပမည့်နေ့တွင် ဆက်လက်ဖြေဆိုရန် ကြိုတင်အကြောင်းကြားသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။
ကိုစိုးကြီး


