mdn

ရေနံချောင်း   အောက်တိုဘာ   ၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခြင်းကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ဆားတိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးရာ ဒေသခံပြည်သူ ၁၁၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်လဝကမှူး ဦးသီဟထွန်းနှင့် ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းစနစ်များ အသိပညာပေးကာ အသက် ၁၀ နှစ်ပြည့်ပြီးသူ ၆၈ ဦး၊ ၁၈ နှစ်ပြည့်ပြီးသူ ၁၂ ဦး၊ လဲလှယ် ခုနစ်ဦးနှင့် မိတ္တူ ၂၈ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၁၅ ဦးအား အထောက်အထားများစိစစ်ကာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လဝကမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)