ရေနံချောင်း ၊ ၉  ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာ၌  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းကို ရေနံချောင်းမြို့နယ်အတွင်းရှိ  ဘူးကျွန်းနတ်စင်ကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ မာန်မြေမြောက်စုကျေးရွာ၊ ဥယျာဉ်စုကျေးရွာ၊ ဝါးရိုးကျေးရွာ၊ အလယ်ကုန်းကျေးရွာ၊ ကုန်းကန်ကျေးရွာ၊ ကျွန်းချောင်းလေးကျေးရွာ၊ ငါးလန္တာကျေးရွာ၊ ဖန်ခါးစမ်းကျေးရွာ  စသည့်စုစုပေါင်းကျေးရွာ ၁၀ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း ၁၀၀၀ ၊ ကျေးရွာပြည်သူ ထည့်၀င်ငွေများဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ ရေရရှိရေး၊ မီးလင်းရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများအား သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ နည်းပညာပံ့ပိုးကား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  ကျေးရွာပြည်သူများအနေဖြင့် မိမိတို့ကျေးရွာများ၏ ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲနိုင်ရန်၊ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ်  အခြေခံ၍ နှစ်စဉ်ရန်ပုံငွေလျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ရန်၊ ကျေးရွာမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးတွင် ထည့်သွင်းရေးဆွဲနိုင်ရန် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းကြောင်း ရေနံချောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင် က ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)