မကွေး ၄ မတ် 

 

ရေနံချောင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာတွင် မတ် ၃ ရက် မွန်းလွဲ ၃ နာရီက ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းရာမှ အပူလွန်ကဲကာ နေအိမ်(၅)လုံးနှင့် နွားတင်းကုတ် (၄)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

 

11

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် (၅)လုံး၊ နွားတင်းကုတ် (၄)လုံး၊ ဆိုင်ကယ်(၂)စီး၊ ပဲခွဲသည့် စက်တစ်လုံး၊ နွားစာစဉ်းသည့် အင်ဂျင်စက်(၁)လုံး၊ မီးစက် (၃)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

22

 

မီးလောင်မှုဖြစ်ပွားရာသို့ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၃)စီး၊ အဖြူရောင်တွဲလက် ညီအစ်ကိုများ ပရဟိတအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ ရွှေကြာပရဟိတအသင်းမှ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း မီးဘေးသင့်ပြည်သူ (၂၂)ဦးရှိခဲ့ကာ  ၎င်းကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

 

မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်မြင့်မြင့်ထွေးအား ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဇွဲထက်ရှင်