ရေနံချောင်း ၁၆ ဇွန်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနက ယင်းမချောင်းကြိုးပြင်ကာကွယ်တော အတွင်း ကျေးရွာထင်းစိုက်ခင်းအဖြစ် ဧက ၂၀ စိုက်ပျိုးနေကြောင်း သစ်တောဦးစီးဌာမှ သိရသည်။
“ကျွန်တော်တို့ သစ်တောဦးစီးဌာနကနေ ကျေးရွာပြည်သူတွေ ထင်းဖူးလုံစွာ သုံးစွဲနိုင်ရေး၊ လယ်ယာသုံး ပစ္စည်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ အထောက်အကူဖြစ်စေဖို့အတွက် ကျေးရွာထင်းစိုက်ခင်းအဖြစ် ယင်းမ ချောင်းကြိုးပြင်ကာကွယ်တောအတွင်း ဧက ၂၀ မှာ သစ်ပင်တွေစိုက်ပျိုးနေပါတယ်။ လက်ရှိအချိန်ထိ ၁၂ ဧကခန့် စိုက်ပျိုးပြီးပါပြီး။ ဒီကျေးရွာထင်းစိုက်ခင်းအားလုံး စိုက်ပျိုးပြီးရင် ကျေးရွာကိုလွှဲပြောင်းပေးမှာဖြစ်ပြီး လွှဲပြောင်းပေး မည့်ကျေးရွာကိုတော့ မရွေးချယ်ရသေးပါဘူ”ဟု မြို့နယ်သစ်တောဦးစီးဌာန တောခေါင်းဦးလှမြင့်က ဇွန် ၁၆ ရက်က ပြောသည်။
ကျေးရွာထင်းစိုက်ခင်းအဖြစ် ယူကလစ်ပင် ၂၄၀၀၀ ကို ယင်းမချောင်းကြိုးပြင် ကာကွယ်တောအတွင်း ဧက ၂၀ တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


