ရေနံချောင်း  ၁၉   ဇွန်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အသက် ၈၅ နှစ်အထက်ဘိုးဘွားများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ အရေးပေါ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၅ နာရီက အဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ယာရောက်သွားရောက်‌ထောက် ပံ့ပေအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)အတွက် အဘိုးဘွား တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ သုံးသောင်းကျပ်နှင့် ကိုဗစ်-၁၉ အရေးပေါ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေ သုံးသောင်းကျပ် စုစုပေါင်း ခြောက်သောင်းကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ လူမှုဝန်ထမ် ဦးစီးဌာန မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သစ်တပွေရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် ရွှေကြာငုံရပ်ကွက်တို့ရှိ အဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ယာရောက်လိုက်လံ ထောက်ပံ့ပေးခဲ့သည်။ ကျန်ရှိနေသောအဘိုးဘွားများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင် ယာရောက်လိုက်လံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရေနံချောင်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်မှ အသက် ၈၅ နှစ်အထက်ဘိုးဘွား ၃၃၅ ဦး၊ ကျေးရွာ အုပ်စု ၂၉ အုပ်စုမှ အသက် ၈၅ နှစ်အထက်ဘိုးဘွား ၄၂၇ ဦး စုစုပေါင်း ၇၆၂ ဦးရှိပြီး အဆိုပါအဘိုးဘွားများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ အရေးပေါ်ကာလ ထပ် ဆောင်း ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၄၅၇၂၀၀၀၀   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး