ရေနံချောင်း၊ ၈ ဇန်နဝါရီ
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီး/သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးသိန်းလှက သင်တန်းဖွင့်အမှာစကား ပြောကြာပြီး ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်က သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းသူများအား ကြိုးစားသင်ယူကြရန်၊ သင်တန်းတွင် သတ်မှတ်ထားသော စည်းကမ်းချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
အဆိုပါသင်တန်းအား သင်တန်းသား ၂၃ ဦးဖြင့် သင်တန်းကာလ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သူရိန်(မင်းဘူး)


