ရေနံချောင်း ၁၅  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂  ဦးမှာ ကျန်းမာရေးကောင်းမွန်လာသည့်အတွက် ယနေ့နံနက်ပိုင်းက ထပ်မံဆေးရုံ ဆင်းခွင့်ပြုလိုက်ပြီးဖြစ်ရာ စုစုပေါင်းအတည်ပြုလူနာ  ၂၅ ဦးအနက် ၂၄ ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ထံကသိရသည်။

 

ဆေးရုံဆင်းခွင့်ရ ကိုဗစ်-၁၉အတည်ပြုလူနာများမှာ ယနေ့နံနက်ပိုင်းက ၁၂ ဦး၊ အောက်တိုဘာ ၁၃ ရက်နေ့က ၇ ဦး၊ အောက်တိုဘာ ၁၂ ရက်က ၄ ဦး၊ အောက်တိုဘာ ၄ ရက်က ၁ ဦး စုစုပေါင်းဆေးရုံဆင်း ခွင့်ရရှိသူ ၂၄ ဦးရှိပြီဖြစ်ပြီး ကျန်ရှိသည့်အတည်ပြုလူနာ ၁ ဦးမှာ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုဆက် လက်ခံယူလျက်ရှိကြောင်း သိရသည်။

 

ရေနံချောင်းမြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဦးတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်လာသည့်အတွက် ယနေ့နံနက်ပိုင်းအထိ ဆေးရုံဆင်းခွင့်ရရှိသူ ၂၄ ဦးရှိပြီဖြစ်ကြောင်းနှင့် ၎င်းတို့အား နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ကာလ ၇ ရက် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

 

ကိုစိုးကြီး