ရေနံချောင်း၊   ၅   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဒီဇင်ဘာ ၅ ရက်မှစ၍ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့် လှစ် ရောင်းချခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

 

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် (A)အဆင့်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ကိုစိုးကြီး