ရေနံချောင်း ၁၀ ဧပြီ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ငါးမျိုးကို ယနေ့ မွန်းလွဲ ၂ နာရီက ရွှေဘုံသာ ပြည်သူ့အားကစားကွင်း၌ ဖြန့်ဝေပေးလျက်ရှိသည်။

 

ရေနံချောင်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ ကောက်ယူရရှိသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၈၄၄၆ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာတို့ကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ကိုစိုးကြီး