ရေနံချောင်း ၄  ဖေဖော်ဝါရီ

 

ရေနံချောင်းမြို့တွင် Novel Corona Virus 2019 ရောဂါကို ကြိုတင်ကာကွယ်သည့် အနေဖြင့် စေတနာရှင် အလှူရှင်များက နှာခေါင်းစည်း (Mask)များ လှူဒါန်းတပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မြို့မဈေးထိပ် လမ်းမ တော်လမ်းမကြီး၌ ပြုလုပ်ခဲ့သည်။

 

4

 

ထိုသို့ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့ စေတနာရှင်အလှူရှင်များက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်၍ နှားခေါင်းစည်း(Mask) ခုရေ  ၉၇၀ ကို လူစည်ကားရာနေရာဖြစ်သော မြို့မဈေးအဝင်လမ်းထိပ်၌ ဈေးရောင်းဈေးဝယ် လာသူများနှင့် လမ်းသွားလမ်းလာများအား လိုက်လံတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 

5

 

ကိုစိုးကြီး

 

445