ရေနံချောင်း ၂၅  ဧပြီ

 

ရေနံချောင်းမြို့တွင် နှာခေါင်းစည်း(Mask) မတပ်ခြင်းနှင့်ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်းတို့အား ရွေ့လျားစနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အပတ်စဉ် တနင်္ဂနွေနေ့ကနေစပြီး ကြာသပတေးနေ့အထိ နေရာစုံမှာ ရွေ့လျားစနစ်နဲ့ဆောင်ရွက်တယ်။ ဆိုင်ကယ်စီးပြီး mask မတပ်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်းတို့ စိစစ်တွေ့ရှိရင် တရားရုံးတင် တရားစွဲဆိုပါမယ်ဟု မြို့မရဲစခန်းမှ ဒုရဲမှူး အောင်လွင်ဦးက ပြောသည်။

 

ထိုသို့ အသိပညာပေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ယာဉ်စည်းကမ်း ကြီးကြပ်ရေး ကော်မတီ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆန်းညွန့်(ရေနံချောင်း)