ရေနံချောင်း   ဖေဖော်ဝါရီ    

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်မှ ဌာနဝန်ထမ်းများ၊ သင်ကြားရေးဌာန ဆရာ/ ဆရာမများ စုပေါင်း၍ ထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်တို့က ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ စုပေါင်းထမနဲထိုးပွဲကို ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့် ဦးဆောင်၍ သင်ကြားရေး ဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝန်ထမ်းများက စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ သင်ကြားရေးဌာန ၁၂ ဌာန၊ စီမံဘဏ္ဍာဌာန၊ သင်တန်းရေးရာ ဌာနများမှ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)