ရေနံချောင်း ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ရေနံချောင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့မှ ဝန်ထမ်းများအား အသားနှင့် စာအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းများသို့ သွားရောက်၍ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားနှင့် စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

 

ထို့သို့ရောင်းချရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကြက်သားတစ်ပိဿာ ၈၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ စားအုန်ဆီ တစ်ပိသာ ၅၅၀၀ ကျပ်ဖြင့် စုစုပေါင်း အသား ၇၅ ပိဿာနှင့် စားအုန်းဆီ ပိဿာ ၁၀၀ ကို ရောင်းချပေးခဲ့ပြီး

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ကျောင်းအုပ်ကြီး ဒေါက်တာဝင်းစန္ဒာနှင့် တာဝန်ရှိသူများက ဈေးရောင်းချနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)