၁၄ ဇွန်

 

အိုမန် ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် နယူးယောက်တွင် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ 

 

ယမန်နေ့က West Texas Intermedia Crude ရေနံစိမ်းဈေးနှုန်းမှာ ၄ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့သည်။ 

 

mdn

 

အရှေ့အလယ်ပိုင်းအကြား တင်းမာမှုများမြင့်တက်နေခြင်းကြောင့် ရေနံနှင့် ဆက်စပ်သည့် ပစ္စည်းများ မတည်မငြိမ်ဖြစ်မည်ကို ရင်းနှီးမြုပ်နှံသူများက စိုးရိမ်လျက်ရှိသည်။

 

ရင်းနှီးမြုပ်နှံသူများက ရေနံနှင့် ဆက်စပ်သည့် ကုမ္ပဏီရှယ်ယာများကို နယူးယောက်၏ ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခဲ့သည်။ 

 

ရင်းနှီးမြုပ်နှံသူများက  စစ်ဆေးပြီး ရေနံစိမ်း ဝယ်လိုအားကို ထိန်းညှိသွားမည်ဖြစ်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ပွတ်တိုက်မှုများကြောင့် ရေနံစိမ်းဝယ်လိုအားများလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက မျှော်လင့်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်