၁၄ ဇွန်

 

အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုမှာ အီရန်မှာ တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံက ပြောကြားခဲ့သော်လည်း မည်သည့်အုပ်စု၏ လက်ချက်ဆိုသည်ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။

 

mdn

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက သုံးစွဲခဲ့သောလက်နက်များ ၊ ယခုလိုတိုက်ခိုက်မှုမျိုး လုပ်ဆောင်နိုင်စွမ်းရှိသော အဆင့်၊ မကြာသေးမီက ရေနံတင်သင်္ဘောများကို အီရန်၏ တိုက်ခိုက်မှုများ၊ ယင်းရေလက်ကြားတွင် လှုပ်ရှားနေသည့် အဖွဲ့များတွင် ယခုကဲ့သို့ အဆင့်မြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကျွမ်းကျင်မှုနှင့် အရင်းအမြစ်များ မရှိသည့် အချက် စသည်တို့အပေါ် အခြေခံပြီး ဆန်းစစ်မှုလုပ်ခဲ့သည် ဟု ဆိုသည်။

    

ယမန်နေ့က Hormuz ရေလက်ကြား မဟာဗျူဟာကျသည့် အရေးပါသောရေလမ်းကြောင်း အနီး နိုင်ငံတကာ ရေပိုင်နက်တွင် တိုက်ခိုက်ခံရသော "Front Altair"ရေနံတင်သင်္ဘေငာ်္တစ်စင်း သည် နော်ဝေ ရေကြောင်း ကုမ္ပဏီပိုင်ဖြစ်ပြီး "Kokuka Courageous" ရေနံတင်သင်္ဘောတစ်စင်းမှာ တိုကျိုအခြေစိုက်ရေကြောင်း ကုမ္ပဏီ က ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ရေနံတင်သင်္ဘောနှစ်စင်းမှ သင်္ဘောသားများကို ကယ်ဆယ်နိုင်ခဲ့သော်လည်း သင်္ဘောသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

အမေရိကန်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယမန်နေ့မွန်းလွဲပိုင်း၌ အရေးပေါ်တံခါးပိတ် ဆွေးနွေးမှုလုပ်ဆောင်ခဲ့သည်။

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် အမေရိကန် နှင့် အီရန်တို့အကြား တင်းမာမှုများ ဖြေလျှော့ရေး အတွက် ကြိုးစားရန် အီရန်နိုင်ငံသို့ရောက်ရှိနေချိန်တွင် ၎င်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဂျပန်ရေနံတင်သင်္ဘောတစ်စီး ကိုတိုက်ခိုက်ခဲ့ခြင်းသည် အီရန် က ဂျပန်ကို စော်ကားခြင်း ဖြစ်ကြောင်း မိုက်ပွန်ပီအို က ပြောကြားခဲ့သည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို