တာချီလိတ် ၉ ဒီဇင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးခွဲ၌ ဒီဇင်ဘာလ ၉ ရက် ယနေ့ မနက်ပိုင်း အချိန်ထိ ရွေ့ပြောင်း မြန်မာ အလုပ်သမားများ၏ နှစ်နိုင်ငံ သဘောတူစာချုပ်ဖြင့် ထုတ်ပေးထားသော အစိမ်းရောင်ကတ် CI မှ အနီရောက် ကတ်သို့ ပြောင်းလဲထုတ်ပေးခြင်းများ ဆောင်ရွပ်ပေးလျက်ရာ လာရောက်လဲလှယ်သူ ဦးရေ မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ နှစ်နိုင်ငံသဘောတူ စာချုပ်ဖြင့် ထုတ်ပေးထားသည့် အစိမ်းရောင်ကတ် CI မှ သက်တမ်းပြည့်များအား အနီရောင်ကတ် နိုင်ငံကူးလက်မှတ်များ နေ့စဉ် ထုတ်ပေး /လဲလှယ်လျက်ရှိရာ ယခုကဲ့သို့ ထုတ်ပေးသည့် အနီရောင် နိုင်ငံကူးလက်မှတ်များမှာ ၅ နှစ်သက်တမ်း ရရှိမှာဖြစ်ကြောင်းနှင့် နေ့စဉ် လဲလှယ်/ ထုတ်ပေး နေသည့် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ရာတွင် ခန့်မှန်း လူဦးရေ ၁၂၀ ခန့် ရှိကြောင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် ရုံးခွဲ တာဝန်ရှိသူများထံမှ သိရသည်။

 

ယာဆေး(ပြန်/ဆက်)