လန်ဒန် ဩဂုတ် ၂၁
ရွှေ့ပြောင်းနေထိုင်သူများကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ဗြိတိန်နိုင်ငံ သည် အီရတ်နိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု ဗြိတိန်အစိုးရက ဩဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သဘောတူညီချက်သည် ရွှေ့ပြောင်းနေထိုင်သူများက လှေငယ်များဖြင့် နောက်ထပ် ရောက်ရှိလာမှုကို တားဆီးရန် ရည်ရွယ်သည်။ ဗြိတိန်တွင် တရားဝင်နေထိုင်ခွင့်မရှိသူများကို ပြန်ပို့ရန် တရားဝင်လုပ်ငန်းစဉ်များ စတင်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သွားလာမှုဆိုင်ရာ စိန်ခေါ်မှုများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံလုံးကို အကျိုးဖြစ်ထွန်းစေမည့် ပိုမိုခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်နေခြင်းဖြစ်သည်ဟု ဗြိတိန်လုံခြုံရေးဝန်ကြီး ဒန်ဂျာဗစ်က ပြောသည်။
လှေငယ်များဖြင့် ဗြိတိန်သို့ ရောက်ရှိလာသည့် အီရတ်နိုင်ငံသားအရေအတွက်သည် ၂၀၂၅ ခုနှစ် မတ်လကုန်တွင် ၁၉၀၀၀ ကျဆင်းသွားသည်ဟု ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ဆင်ဟွာ


